Main menu

အခြေခံကွန်ပျူတာသင်တန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံသည် စားသုံးသူကာ ကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ဇွန်လ ၁၃ ရက် နံနက် (၁၀:၀၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတွင် ကျင်းပပြုလုပ်သည့် အခြေခံကွန်ပျူတာသင်တန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြု လုပ်ခဲ့ရာသင်တန်း ဆရာ/ဆရာမများနှင့် သင်တန်း သား/သူ စုစုပေါင်း ( ၁၅ ) ဦး တက်ရောက် ခဲ့ကြကြောင်းသိရပါသည်။

  အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံက  မိမိတို့ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြား ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများအခွင့်အရေးနှင့် တာဝန်များ၊  စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်များအေပေါ် စီးပွားလုပ်ငန်းရှင်က အာမခံ ချက်ပေးရ မည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့် အရေးများပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်း များနှင့် လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြား မှုများ အပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းများမှတ်ပုံတင်ခြင်းအကြောင်းများ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

      ထို့နောက် တက်ရောက်လာသည့် သင်တန်းသူ/သားများက စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလို သည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)