Main menu

မြန်အောင်ခရိုင်၊ ကြံခင်းမြို့ စည်ပင်သာယာဈေးရှေ့တွင် ဆန်၊ စားအုန်းဆီ နှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ကြီးကြပ်မှုဖြင့်(၁၂.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ စည်ပင်သာယာဈေးတာဝန်ခံရုံးရှေ့တွင် အခြေခံစားသောက်ကုန်  ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ကြံခင်းမြို့ နယ်အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍  ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများရောင်းချပေးခဲ့ ကြောင်း  သိရသည်။

             ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ(၆)လုံးပါ တစ်ထုပ်လျှင် ၂၀၀၀/- ကျပ်ဖြင့် အလုံးရေ ၁၄၀၀ ကို လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၂)အိတ် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို  ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)