
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ငရံ့ပတူပင်များကို ကန့်ဘလူမြို့နယ်နေရာအနှံ့ အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ ငရံ့ပတူသည် အပင်ပုမျိုးဖြစ်ပြီး ပင်စည်မှာ အရွက် ရှည်မြောမြောလေးတွေ ကပ်ပြီးပေါက်ကာ အရွက်ကို စားလို့ရသလို ပင်စည်နှင့် အမြစ်ကလည်း ဆေးဖက်ဝင်ပါသည်။ ငရံ့ပတူပင်များကို လယ်တော၊ ယာတောများတွင် ပေါက်ရောက်ပြီး မိမိတို့အိမ်တွင် စားသုံး၍ ပိုလျှံသည့် ငရံ့ပတူရွက်များကိုပြုတ်ပြီး ကန့်ဘလူ မြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ငရံ့ပတူရွက်ပြုတ်(၁)လုံးလျှင်(၃၀၀)ကျပ်၊ ငါးရံ့ပတူရွက်ပြုတ်(၂)လုံးလျှင် (၅၀၀)ကျပ်၊ ငရံ့ပတူရွက်ပြုတ်(၅)လုံးလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်း ချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် ငရံ့ပတူရွက်ပြုတ်အား အိမ်ရှင်မများဟင်းချက်ရာတွင်လည်း ကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မ ဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)