
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရာ (၉. ၆.၂၀၂၅) ရက်နေ့တွင် မုံရွာမြို့နယ်၊ ဆူးလကုန်ရပ်ကွက်ရှိ “သီရိအောင်” ဆန်အရောင်းဆိုင်သို့ သွား ရောက်၍ ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးအသိပညာရေးရာ ဆန်ဆိုင်များတွင် မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း ဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရေး အတွက် ဈေးကစားရန်အလို့ငှာ ဆန်များသို လှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)