Main menu

ဘီးလင်းမြို့နယ်တွင် မိုဘိုင်းဖုန်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၂.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် တရားမဝင်ဆင်းကတ်များ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ မိုဘိုင်းဖုန်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုဘိုင်းဖုန်းအရောင်းဆိုင်များဖြစ်သော Top Mobile Soe Moe Mobile နှင့် ဒေဝူးဖုန်းဆိုင်များသို့ သွားရောက်ပြီး တရားမဝင် Sim Card များ ရောင်းချခြင်းရှိ၊ မရှိ၊ သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်းသာ ရောင်းချစေရေးှင့် ပိုမိုရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)