Main menu

“ပတ်ကြဲ မိုးစပါးများစတင်စိုက်ပျိုး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စပါးသီးနှံကိုလည်း နွေစပါး၊ မိုးစပါးဟူ၍ စိုက်ပျိုးလျက်ရှိရာ ဇွန်လဆန်းမှစတင်၍ မိုးစပါးများ စိုက်ပျိုးလျက်ရှိပါသည်။  မိုးစပါးများအား ပျိုးထောင်စိုက်ပျိုးကြသလို ပတ်ကြဲပြီးလည်း စိုက်ပျိုးကြ ကြောင်း၊   ပျိုးထောင်ပြီးသက်တမ်း (၄၅) ကြာလျှင် ပျိုးနှုတ်၍ စိုက်ပျိုးကြကြောင်း၊ ပတ်ကြဲ မိုးစပါးကိုတော့ ထွန်ယက်၍ စပါးစေ့များ ကြဲပတ်ကာ စိုက်ပျိုးကြကြောင်း၊  ပျိုးထောင်မိုးစပါးထက် ပတ်ကြဲမိုးစပါး စိုက်ပျိုးခြင်းက ကုန်ကျစရိတ် သက်သာပြီး အထွက်နှုန်း ပိုကြောင်း၊ ပျိုးထောင် စိုက်ပျိုးခြင်းနှင့် ပတ်ကြဲ စိုက်ပျိုးခြင်းက သက်တမ်းအတူတူပင် ဖြစ်ကြောင်း၊ ပတ်ကြဲမိုးစပါး စိုက်ပျိုး ခြင်းတွင် မျိုး (၂)တင်းခန့် စိုက်ပျိုးရပြီး မျိုးတစ်တင်းလျှင် (၃၀၀၀၀/-)ကျပ်၊ မနောသုခ တစ်တင်း လျှင် (၂၂၀၀၀/-) ကျပ် ပေးဝယ်စိုက်ပျိုးရပြီး စိုက်ပျိုးစရိတ်စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် စိုက်ပျိုးထွက်ရှိမှု အနေဖြင့် စပါးတင်း (၇၅-၈၀)တင်းခန့် ထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၅၀၀၀/-) ခန့်ဈေးဖြင့် ရောင်းဝယ်ခဲ့ သောကြောင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၁၃၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ မိုးစပါးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်ကြောင်း ဈေးကွက်အနေဖြင့် ပွဲစားများမှ ရွာများအထိ တိုက်ရိုက်ဆင်းဝယ်ကျသလို ဆန်စက်ပိုင်ရှင်များမှလည်း ဆန်ကြိတ်ခွဲ ရောင်းချရန်အတွက် ဝယ်ယူကြကြောင်း မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)