Main menu

“ဇွန်ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

Powered by Drupal

   ကျောက်ဆည်ခရိုင်အတွင်းတွင် တောင်သူဦးကြီးများမှ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခြင်း ဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိရာ ဥယျာဉ်၊ခြံ၊ မြေ လုပ်ကိုင်သူများမှလည်း မိသားစု အပိုဝင်ငွေတိုးအောင် ဇွန်၊ စံပယ်၊ နှင်းဆီပန်းများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြရာ ဇွန်ပန်းပင် ကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ဇွန်ပန်းပင်ကို ပျိုးပင်ရောင်းဝယ်သော ဆိုင်များမှ တစ်ပင်လျှင် (၁၀၀၀-၁၅၀၀) ကျပ်ပေးဝယ်ပြီး မြေလွတ်၊ မြေရိုင်းများတွင် အပင် (၂၀) မှ (၃၀)အထိ စိုက်ပျိုး ကြကြောင်း၊ ဇွန်ပန်းစိုက်ပျိုးပြီး တစ်နှစ်အကြာတွင် ပန်းများစတင်ပွင့်ကြပြီး (၂)နှစ်မှ (၃)နှစ်အတွင်း ဇွန်ပန်းရုံများ ကြီးထွားလာကာ အထွက်နှုန်းအားကောင်းလာကြောင်း၊ ဇွန်ပန်းပင် သည် ဇွန်လတွင် အများဆုံးထွက်ရှိကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးသော ဇွန်ပန်းရုံ ပိုင်ရှင်များမှ ကိုယ်တိုင်ခူး၊ ကိုယ်တိုင် သီကာ ရောင်းချကြသလို ပန်းရောင်းချသူများမှလည်း ဇွန်ပန်းရာသီတွင် ဇွန်ပန်းရုံများကို အလှမ်း ကြိုတင်ဝယ်ယူ၍ ရောင်းချသူများရှိကြောင်း၊ ဇွန်ပန်းပင် (၃)နှစ်သား တစ်ပင်ကို (၃၀၀၀၀/-)ကျပ် ပေးခူးရကြောင်း၊ တစ်နေ့လျှင် ဇွန်ပန်းရုံ တစ်ရုံမှ ပန်းနို့ဆီဗူး (၂)ဘူး ထွက်ရှိကြောင်း၊ ဆယ်ရုံတွင် တစ်ရက် ဗူး(၂၀) ရရှိကြောင်း၊ ပန်းကို နို့ဆီဗူးဖြင့် ရောင်းချပါက တစ်ဗူးကို (၁၀၀၀/-)ကျပ် ရရှိ ကြောင်း၊ တစ်ရက်လျှင် (၂၀၀၀၀/-)ကျပ်ရရှိကြောင်း၊ ပန်းကို သီကုံးပြီး ရောင်းချပါက အပွင့်(၄၀)ပါ တစ်ကုံးလျှင် (၂၀၀/-)ကျပ်၊ (၃)ကုံးဝယ်လျှင် (၅၀၀/-) ကျပ်ဖြင့် ရောင်းချ ပေးကြောင်း၊ နို့ဆီဗူး တစ်ဗူးကို ပန်းသီရောင်းချပါက (၂၀၀၀-၂၅၀၀) ကျပ် ဈေးရရှိသဖြင့် အကျိုးအမြတ်ပိုမိုဖြစ်ကြောင်း၊ ဇွန်ပန်းသက်တမ်းမှာ (၆)လအထိ ခူးဆွတ် ရောင်းချရသောကြောင့် စိုက်ပျိုးသောသူများနှင့် ပန်းအကြို ဝယ်သူများလည်း တွက်ခြေကိုက်ကြောင်း၊ ပန်းပွင့်ပြီး (၂)လအတွင်းသာ ပန်းများ ခိုင်ခိုင် ထွက်အားကောင်းပြီး (၂)လကျော်လျှင် နို့ဆီဗူး တစ်ဗူးကျော်ကျော်သာ ထွက်ရှိ ကြောင်း၊ နောက်ပိုင်း အထွက်နည်းသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ဇွန်ပန်းစိုက်ပျိုးပြီး အလှမ်းကြိုတင် ရောင်းချရသဖြင့်  ဆယ်ပင်စိုက်ပျိုးထားလျှင်  တစ်ရာသီကို (၃၀၀၀၀၀/-)ကျပ် ရရှိ ကြောင်း၊ အပင် (၂၀) ရှိပါက (၆၀၀၀၀၀/-)ကျပ် ရရှိသဖြင့် အလုပ်မရှုပ်ပဲ အကျိုးအမြတ် ဖြစ်ထွန်းကြောင်း၊ အလှမ်းဝယ်ယူသူများမှာလည်း ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းကြောင်း ဇွန်ပန်းရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)