Main menu

ကရင်ပြည်နယ်ဒေသထွက် သရက်သီးမှည့်များဈေးနှုန်း

Powered by Drupal

       ကရင်ပြည်နယ်၊ဘားအံမြို့တွင် ဒေသထွက် မျိူးရင်းသရက်သီးများဖြစ်သော  ရင်ကွဲ၊ မချစ်စု၊ မနွန်နွယ် စသည့် သရက်သီးများလှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။ ရင်ကွဲသီးအကြီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ အသေး (၁၀၀)ကျပ်၊ မချစ်စုသရက်သီးတစ်လုံးလျှင် အလုံးကြီးတစ်လုံး (၆၀၀)ကျပ်၊ အသေး(၃၀၀)ကျပ် တို့ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် လမ်းခရီးအခြေအနေများကြောင့် ပြည်တွင်းအခြားဒေသထွက်စိန်တစ်လုံးနှင့် အခြားသရက်သီးများ ဈေးကွက်ဝင်ရောက်မှု လျော့နည်းခဲ့ပြီး စိန်တစ်လုံးလျှင် အလုံးကြီးတစ်လုံး (၂၅၀၀)ကျပ်၊ အသေး (၁၀၀၀) ကျပ် ဈေးနှုန်းဖြစ်ပေါ်ခဲ့သောကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းသက်သာသော ဒေသထွက် မျိုးရင်းသရက်သီးများကို ဝယ်ယူမှုပိုများ၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)