
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၉-၆-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တာဝန်ခံက ကုန်စည်နှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ အာမခံမှုအပေါ်တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး သို့လည်းကောင်း၊ Consumer Call Center Hotline (1535)သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ (၃)သို့ လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များမဆို ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက် တိုင်းဒေသ ကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် သရက် ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင် ရွက်ရေးစင်တာ (CICC) ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)