Main menu

ပခုက္ကူကြက်သွန်နီ ဇွန်လ(ဒုတိယပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံ ချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးငြိမ် နေပြီး တစ်ရက်လျှင် ကုန်ချိန် (၅၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ယခင် အပတ်ထက် ကုန်ဝင်ရောက်မှုမှာ နည်းလာကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၅၀)၊ အလတ် ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ်(၈၀၀) ဖြစ်ပြီး (ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်၍အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေ ဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။

  ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၆၀၀)မှ အနိမ့်ဈေး ကျပ်(၁၀၀၀)ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)