
မြင်းခြံမြို့ရှိ သစ်သီးဆိုင်များတွင်ရောင်းချနေသော မင်းကွတ်သီးများသည် ပဲခူးတိုင်းနှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချကြောင်းသိရှိရသည်။ မိုးရာသီကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများသည် ရာသီပေါ်မင်းကွတ်သီးများ ဈေးကွက်တွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ မင်းကွတ်သီးတစ်လုံးလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အထိရှိကြောင်း မင်းကွတ်သီး၏ အရည်အသွေးနှင့် လတ်ဆတ်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ စားသုံးမှုများပြီးအလုံးအရေအတွက် (၁၀၀၀-၁၅၀၀)လုံးအထိ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ဖြန့်ဖြူးရောင်းချရကြောင်း၊ အရောင်းအဝယ်ကောင်းကြောင်း၊ မြို့မဈေးရှိ သစ်သီးရောင်းချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် ဗီတာမင်စီကြွယ်ဝပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အရေပြားကျန်းမာရေးအတွက် ကောင်းမွန်ကြာင်း၊ အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာချေစနစ်ကိုကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း၊ မင်းကွတ်သီးကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်သလို ဖျော်ရည်လုပ်ခြင်း စသည်ဖြင့် သကြားဓာတ်နည်းပါးသောကြောင့် ဆီးချိုးရှိသူများအတွက် သင့်တော်သောအသီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)