Main menu

မလေးရှား၏ စားအုန်းဆီတင်ပို့မှု မေလ၌ ၂၅ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

     မလေးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ဧပြီလ၌ တန်ချိန် ၁.၁၀ သန်းရှိရာ မှ ၂၅.၆ ရာခိုင်နှုန်း ပိုမိုလျက် မေလတွင် တန်ချိန်  ၁.၃၉ သန်းသို့ မြင့်တက်ခဲ့သည်ဟု မလေးရှား စားအုန်းဆီ ဘုတ်အဖွဲ့ (MPOB) မှ ပြောကြားခဲ့ကြောင်း မလေးရှား ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် Bernama သတင်း အင်ဂျင်စီက ဖော်ပြပါသည်။

     မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စားအုန်းဆီကြမ်း တန်ချိန် ၁.၆၉ သန်းသာ ထုတ်လုပ်ခဲ့ပြီး မေလ၌ တန်ချိန် ၁.၇၇ သန်း ထုတ်လုပ်နိုင်သည့်အတွက် ၅.၁ ရာခိုင်နှုန်းတိုးလာ ကြောင်း MPOB ၏ နောက်ဆုံးထုတ်ပြန်သည့် စားအုန်းဆီလုပ်ငန်းစွမ်းဆောင်မှုဆိုင်ရာ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

     ဆီအုန်းသီးအဆန် (Palm kernel) ထုတ်လုပ်မှုမှာ ဧပြီလ၌ တန်ချိန် ၄၀၉၀၉၇ ရှိရာမှ မေလတွင် ၄၂၀၆၅၈ တန်သို့ မြင့်တက်ခဲ့ရာ ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဆီအုန်းသီးအဆန်မှ ထုတ်လုပ်သည့် ဆီကြမ်းထုတ်လုပ်မှုအနေဖြင့် ဧပြီလတွင် တန်ချိန် ၁၇၆၆၄၄ ရှိခဲ့ရာမှ မေလ၌ တန်ချိန် ၂၁၀၅၁၂ ဖြစ်၍ ၁၉.၂ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်နိုင်ပြီး ဆီအုန်းသီးအဆန် ကြိတ်ဖတ် ထွက်ရှိမှုသည် ဧပြီလတွင် တန်ချိန် ၁၉၂၈၅၇ ဖြစ်ပြီး မေလ၌ တန်ချိန် ၂၃၁၅၆၈ ဖြင့် ၂၀.၁ ရာခိုင် နှုန်းတိုးတက်လာကြောင်း MPOB က ပြောကြားခဲ့သည်။

     သိုလှောင်မှုလက်ကျန်အနေဖြင့် စားအုန်းဆီကြမ်း လက်ကျန်မှာ ဧပြီလ၌ တန်ချိန် ၁.၀၅ သန်းရှိပြီး မေလတွင် တန်ချိန် ၁.၁၀ သန်းဖြစ်ရာ ၉ ရာခိုင်နှုန်း မြင့်တက်လာသည်။ အလားတူ ပြုပြင်သန့်စင်ပြီးသော စားအုန်းဆီ လက်ကျန်မှာ ယခင်လ၌ တန်ချိန် ၈၁၄၆၇၃ ရှိရာမှ မေလတွင် တန်ချိန် ၈၈၈၃၄၃ အထိ တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ စုစုပေါင်း စားအုန်းဆီ လက်ကျန်အနေဖြင့် ဧပြီလတွင် တန်ချိန် ၁.၈၇ သန်းရှိရာမှ မေလတွင် တန်ချိန် ၁.၉၉ သန်း အထိ များပြားလာခဲ့သည်။

     ဆီအုန်းသီးအဆန်မှ ကြိတ်ခွဲရရှိသည့်စားအုန်းဆီ (Palm Kernel Oil) တင်ပို့မှုအနေဖြင့် ဧပြီလ၌ ၉၈၇၄၃ တန်ရှိရာမှ ၂၀.၇ ရာခိုင်နှုန်း ပိုမိုလျက် မေလတွင် ၁၁၉၁၈၂ တန်သို့ တိုးတက် လာကြောင်း၊ ဆီအုန်းသီးအဆန်ကြိတ်ဖတ် တင်ပို့မှုသည်လည်း ယခင်လ ၁၄၀၈၃၃ တန်မှ မေလ၌ ၁၉၃၃၂၈ တန်ရှိသဖြင့် ၃၇.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း MPOB က ပြောကြားခဲ့ပါသည်။

    ဆီအုန်းကြိတ်ခွဲမှုမှရရှိသည့် စွန့်ပစ်ဓာတုဗေဒပစ္စည်း တင်ပို့မှုမှာ  ဧပြီလတွင် ၂၁၉၅၂၀ တန် ရှိရာမှ မေလ၌ ၂၃၂၆၈၃ တန် တင်ပို့နိုင်သဖြင့် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဇီဝဒီဇယ်တင်ပို့မှု အနေဖြင့် ယခင်လ ၂၃၅၈၉ တန် တင်ပို့နိုင်ရာမှ မေလတွင် ၃၂၈၄၈ တန် တင်ပို့နိုင်သည့်အတွက် ၃၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

    မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် မေလတွင် ပြည်ပမှ စားအုန်းဆီကြမ်း (Crude Palm Oil) တင်သွင်းခဲ့ခြင်း မရှိကြောင်း၊ ဆီအုန်းသီးအဆန်မှ ထုတ်လုပ်သည့်စားအုန်းဆီ (Palm Kernel Oil) ကို ဧပြီလ တင်သွင်းမှုတန်ချိန် ၁၄၂၈၇ အောက် ၄၃.၅ ရာခိုင်နှုန်း လျော့ကျလျက် ၈၀၇၄ တန် တင်သွင်းခဲ့ကြောင်း Bernama သတင်းဌာန၏ဖော်ပြချက်ကို တင်ပြအပ်ပါသည်။

Source: Bernama , 10th June, 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)