Main menu

E-Submission System ဖြင့်အစားအသောက်ထောက်ခံချက်လျှောက်ထားခြင်းဆိုင်ရာ ရှင်းလင်းဟောပြောပွဲသို့တက်ရောက်

Powered by Drupal

      (၁၂.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော E-Submission System ဖြင့် အစားအသောက်ထောက်ခံချက်လျှောက်ထားခြင်းဆိုင်ရာ ရှင်းလင်းဟောပြောပွဲသို့ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်စုံဆိုင်လုပ်ငန်းရှင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များ နှင့် စားသောက်ကုန်ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါဟောပြောပွဲတွင် E-Submission System ဖြင့်အစားအသောက်ထောက်ခံချက် လျှောက်ထားရာတွင် (၁)ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်၊ (၂)သွင်းကုန် ထောက်ခံချက်၊ (၃)သွင်းကုန်ကျန်းမာရေးထောက်ခံချက်၊ (၄)ပို့ကုန်ကျန်းမာရေးထောက်ခံချက်၊ (၅)စားသောက်ကုန်မှတ်တမ်းတင်ခြင်းတို့ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းနှင့်သက်ဆိုင်သည့် ဖော်ပြချက်များအကြောင်း၊ ထိန်းချုပ်အစားအသောက်လုပ်ငန်းများအကြောင်း၊ အလှကုန်လုပ်ငန်းများ၏ထုတ်ကုန်များ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားရမည့်အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)