
ကမ္ဘောဒီးယားနိုင်ငံမှ ဒီဇယ်လောင်စာဆီ၊ ဓာတ်ဆီနှင့်ဓာတ်ငွေ့ တင်သွင်းမှုသည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်တွင် ၁၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ဇွန်လ ၁၁ ရက်နေ့ အစီအရင်ခံစာအရသိရသည်။ ဒီဇယ်၊ ဓာတ်ဆီနှင့်ဓာတ်ငွေ့ တင်သွင်းမှုတန်ဖိုးသည် ယခုနှစ်ဇန်နဝါရီမှ ဧပြီလအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၃၄.၃၇ သန်းရှိပြီး ယမန်နှစ်အလားတူကာလ၏ ကန်ဒေါ်လာ ၉၅၄.၈၈ သန်းမှ ၁၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း အစီအရင်ခံစာတွင်ဖော်ပြထားသည်။ ဒီဇယ်အတွက် ဒေါ်လာ ၄၄၉.၇၆ သန်းသုံးစွဲခဲ့ပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဓာတ်ဆီအတွက်ဒေါ်လာ ၂၇၂.၂၅ သန်းသုံးစွဲ ခဲ့ပြီး ယခင်နှစ်ကထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဓာတ်ဆီအတွက်ဒေါ်လာ ၁၁၂.၃၆ သန်း ယခင်နှစ်ကထက် ၆.၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုအပေါ် လုံးဝမှီခိုနေရသည်။ သတ္တုနှင့်စွမ်းအင် ဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ကုန်များဝယ်လိုအားသည် ၂၀၂၀ ခုနှစ်၏ တန်ချိန် ၂.၈ သန်းမှ ၂၀၃၀ ခုနှစ်တွင်တန်ချိန် ၄.၈ သန်းအထိရှိလာမည်ဖြစ်ဟု ခန့်မှန်းထားကြသည်။
DOCA(ရန်ကုန်)