Main menu

၂၀၂၅ ခုနှစ်မေလကုန်တွင် မွန်ဂိုလီးယားနိုင်ငံ၏ မွေးမြူရေးတိရိစ္ဆာန်အကောင်ရေ ၁၈.၉ သန်း မြင့်တက်လာ

Powered by Drupal

            မေလကုန်တွင်မွန်ဂိုလီးယားနိုင်ငံတစ်ဝှမ်းတွင်မွေးမြူရေးတိရိစ္ဆာန်အကောင်‌ရေ စုစုပေါင်း ၁၈.၉ သန်း သို့မဟုတ် ၇၈.၃ ရာခိုင်နှုန်းတိုးမြင့်လာပြီး ၂၀၂၅ ခုနှစ်အစတွင်ရှိခဲ့သည့် မွေးမြူးရေး တိရိစ္ဆာန်အကောင်ရေ ၂၄.၂ သန်းမှ မွေးဖွားလာခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများ၏ ဇွန်လ ၁၁ ရက်နေ့ဖော်ပြချက်အရသိရသည်။ ယင်းကာလအတွင်း မွန်ဂိုလီးယားနိုင်ငံတစ်ဝှမ်းတွင် မွေးကင်းစ တိရိစ္ဆာန်ကောင်ရေသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ‌ကောင်ရေ ၁၈.၆ သန်းတိုးလာကြောင်းသိရသည်။ တိရိစ္ဆာန်မွေးမြူရေးကဏ္ဍသည် မွန်ဂိုလီးယားစီးပွားရေး၏ အဓိကမဏ္ဍိုင်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၄၀ ရာခိုင်နှုန်းနီးပါးသည် ယင်းအပေါ်တွင် မှီခိုလျှက်ရှိကြသည်။ သို့သော်လည်း ရှည်လျားကြမ်းတမ်းသော ဆောင်ရာသီကြောင့် မွန်ဂိုလီးယား တိရိစ္ဆာန်မွေးမြူသူအများစုသည် နှစ်စဉ် ကျွဲ၊ နွားတိရိစ္ဆာန်များ ဆုံးရှုံးကာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းပြုမှုကိုလည်း ထိခိုက်စေသည်။ အမျိုးသားစာရင်းအင်းရုံး၏ အဆိုအရ မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်နှစ်ကုန်တွင် မွေးမြူရေးတိရိစ္ဆာန်ကောင်ရေ ၅၇.၆ သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)