Main menu

ဥဇဘက်ကစ္စတန်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် WTO သို့ဝင်ရောက်ရန်ရည်မှန်း

Powered by Drupal

            ဥဇဘက်ကစ္စတန်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ဝင် ရောက်ရန် ရည်မှန်းထားကြောင်း ဥဇဘက်ကစ္စတန်သမ္မတ Shavkat Mirziyoyev က ဇွန် ၁၁ ရက် တွင် ပြောကြားခဲ့သည်။ Mirziyoyev သည် စတုတ္ထအကြိမ် Tashkent International Investment Forum တွင် ပြောကြားခဲ့သည့် ရည်မှန်းချက်ပန်းတိုင်ကို ထပ်လောင်းပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း လာမည့်နှစ်တွင် ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်လာရန် ရည်မှန်းချက်ထားပြီး ၎င်းတို့၏ မိတ်ဖက်များနှင့် တက်ကြွစွာ လက်တွဲဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာလိုအပ်ချက်များနှင့် စံချိန်စံညွှန်းပေါင်း ဒါဇင်နဲ့ချီ ၍ သဟဇာတဖြစ်အောင် ဆောင်ရွက်ထားပြီး ဒီနှစ်မှာတော့ ၎င်းလုပ်ငန်းစဉ်များအား ပြီးပြည့်စုံ အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Mirziyoyev က ပြောကြားခဲ့သည်။ လက်ရှိစိန်ခေါ်မှု ပတ်ဝန်းကျင်တွင် ဥဇဘက်ကစ္စတန်၏ အဓိကအာရုံစိုက်မှုသည် ပြည်တွင်းစီးပွားရေး တည်ငြိမ်မှု ကို ထိန်းသိမ်းရန်ဖြစ်ကြောင်း သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းတို့၏ပြည်တွင်း အသားတင်ထုတ်ကုန်သည် ပြီးခဲ့သည့် ၈ နှစ်အတွင်း နှစ်ဆတိုးလာခဲ့ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် ဒေါ်လာ ၂၀၀ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် ရည်မှန်းကြောင်း၊ မနှစ်က နိုင်ငံတော်၏စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၃၅ ဘီလီယံအထိရှိပြီး ပို့ကုန်ပမာဏမှာ ဒေါ်လာ ၂၇ ဘီလီယံ အထိ ရှိခဲ့ကြောင်း၊ ၎င်းသည် Tashkent International Investment Forum ရဲ့ လေးနှစ်မြောက် လက်တွေ့ကျတဲ့ရလဒ်တစ်ခုလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။ စတုတ္ထအကြိမ် Tashkent နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို Uzbekistan ၏မြို့တော် Tashkent တွင် ဇွန်လ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)