Main menu

အင်ဒိုနီးရှားနိုင်ငံ၏ ရဲတပ်ဖွဲ့သည် သင်းခွေချပ်အကြေးခွံများ တရားမဝင် ရောင်းဝယ်မှုကို တားမြစ်ထား

Powered by Drupal

              အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့သည် သင်းခွေချပ် ၂၀၀ ခန့်၏ အကြေးခွံများ ပါဝင်သော တရားမဝင်ကုန်သွယ်မှုများကို ဖျက်သိမ်းလိုက်ကြောင်း ဇွန် ၁၁ ရက် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် စားသုံးသူများထံ အကြေးခွံများ ရောင်းချနေသူ တစ်ဦးနှင့် သင်းခွေချပ်များကို ရှာဖွေနေသူ တစ်ဦးကိုဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းစစ်ဆေးရေးယူနစ်မှ ဒါရိုက်တာ ဗိုလ်မှူးချုပ် Nunung Syaifudin က ပြောကြားခဲ့သည်။ သင်းခွေချပ်အကြေးခွံများ ဖြစ်သည့် မျိုးတုံးပျောက်ကွယ်လု နီးပါးရှိသော တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အသုံးချကာ ရောင်းဝယ်ဖောက်ကား နေသောကွန်ရက်ကို ရဲများက အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ ကြောင်း Nunung က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သူ့အဆိုအရ အကြေးခွံများသည် တန်ဖိုးမြင့်မားပြီး တိုင်းရင်း ဆေးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ကြောင်းသိရသည်။ သင်းခွေချပ် အကြေးခွံ ၃၀.၅ ကီလိုဂရမ်ကို အောင်မြင်စွာ သိမ်းဆည်းရမိခဲ့ပြီး အသတ်ခံရသော သင်းခွေချပ် အကောင်ရေ ၂၀၀ ထံမှ စုဆောင်းရရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိက ပြောကြားခဲ့သည်။ အကြေးခွံများရောင်းချမှုသည် အနောက်ဂျာဗား ပြည်နယ်ရှိ Garut Regency မှ ရင်းမြစ်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ သံသယရှိသူများသည် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက ဒဏ်ငွေပေးဆောင် ရမည်ဟု ၎င်းကဆိုသည်။

DOCA(ရန်ကုန်)