Main menu

ချောင်းဆုံမြို့နယ်တွင် Sim Card အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၁.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်အဆင့် တရားမဝင် Sim Card ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်ရှိ Sim Card အရောင်းဆိုင်နှင့် ဖုန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ စစ်ဆေးရာတွင် Sim Card အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင် (SOP) များအပါအဝင် Sim Card ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/မရှိ၊ ကြိုတင်မှတ်ပုံတင်ထားသော Sim Card များရောင်းချခြင်းမပြုရန်၊ Sim Card များကို Sim Card မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြုလုပ် ပြီးရောင်းချသွားရန်၊ Sim Card များကို စနစ်တကျမှတ်ပုံတင်ရောင်းချရန်နှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) အသိပေးခဲ့ပြီး၊ အသိပညာပေးမှုအား လိုက်နာြခင်းမရှိပါက ဆက်သွယ်ရေးဥပ‌ဒေပုဒ်မ ၇၂ အရ အရေးယူ ခံရနိုင်ကြောင်းတို့အား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)