Main menu

“ပဲစဉ်းငုံစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲမျိုးစုံ၊ပြောင်း၊နှမ်း၊ငရုတ်စသည့် သီးနှံ မျိုးစုံစိုက်ပျိုးသည့်အနက် ပဲစဉ်းငုံသီးနှံကိုလည်းစီးပွားဖြစ် စိုက်ပျိုးလာကြပါသည် ။ ပဲစဉ်းငုံသီးနှံကို မေလနှင့်ဇွန်လတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့်မတ်လများတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊

   ပဲစဉ်းငုံစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊ မိမိစိုက်ခင်မှ မျိုးချန်ပြီး စိုက်ပျိုးမှု ရှိသလို စိုက်ပျိုးချိန်ရောက်မှ ပွဲရုံများမှ ဝယ်ယူ၍စိုက်ပျိုးကြကြောင်း ၊ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခုအချိန် တွင် ပဲစဉ်းငုံစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၈၉၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း၊ တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲစဉ်းငုံ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြာချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)