Main menu

စားအုန်းဆီလက်လီလက်ကားရောင်းချသည့် “Kaung Hlyan New Asia Co.Ltd” ၏ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ဦးနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့သည် (၁၀.၆.၂၀၂၅) ရက်နေ့ ၊နေ့လယ်  (၁၅:၀၀) နာရီအချိန်တွင် စားအုန်းဆီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးတို့ အတွက် ပြည်ပမှ စားအုန်းဆီများတင်သွင်းသည့် ကုမ္ပဏီများမှဝယ်ယူ၍ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကန့်ကော်ရပ်ကွက်ရှိ “Kaung Hlyan New Asia Co.Ltd” ၏ စားအုန်းဆီရောင်းချနေမှုအား  ကွင်းဆင်းကြပ်မတ်‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ကျိုက်ထိုမြို့နယ်တွင် ဇွန်လ ဒုတိယအပတ် စားအုန်းဆီ ရည်ညွှန်းဈေးမှာ တစ်ပိဿာ (၇၀၃၀) ကျပ်ဖြစ်ကြောင်း သိရပါသည်။

DOCA (မွန်)