Main menu

“ပဲတီစိမ်း(မိုးကြို/မိုး)များဖြိုင်ဖြိုင်ထွက်ပေါပြီးစျေးကောင်းရ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို/မိုး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၉၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၃၉၆၁)ဧက ၊ မြစ်သား မြို့နယ်တွင်(၆၀၇)ဧက ၊ စုစုပေါင်း(၇၈၆၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ပဲ တီစိမ်းမျိုးအနေဖြင့် ကျောက်စိမ်းမျိုး နှင့် ရေဆင်း-၁၁မျိုး များကိုသာအများဆုံးစိုက်ပျိုးကြပြီး(၁)ဧကလျှင် မျိုးစေ့(၅-၆)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့စျေးနှုန်း အနေဖြင့်(၁)ပြည်လျှင်(၆၀၀၀/-)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါ သည်။ ပဲတီစိမ်း (မိုးကြို/မိုး)ကို မတ်လတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲတီစိမ်းများ ဖြိုင်ဖြိုင်ထွက်ပေါ်လျှက်ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ် ပဲတီစိမ်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-) ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၁၀၀၀၀၀/-)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ယခုနှစ်(၁)ဧက အကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀/-)ကျပ်ဝန်းကျင်မြတ်ကြောင်း၊ယခုနှစ်တွင် ပဲတီစိမ်းစျေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း ပဲတီစိမ်းစိုက်ပျိုးသော တောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)