
ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥနီများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း ၊ ပင်းတယနှင့်ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း ခါကြက်ဥ သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသတွင် ပိုမိုဖြစ်ထွန်းကြောင်း ပြင်ဦးလွင် ၊ နောင်ချိုနယ်များတွင်လည်းစိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ်အများဆုံး ပါဝင်သော မုန်လာဥနီကို လူအများနှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း မုန်လာဥနီကို ဖျော်ရည် ၊ အသုပ်သုပ်စားခြင်း၊ သီးနှံစုံဖြင့်ရော၍ အစိမ်းကြော်ကြော်၍ စားသုံးကြပါသည် ။ ခါကြက်ဥ ဈေးနှုန်း အနေဖြင့် ဖောက်သည်ဈေးတစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၅၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပြီး ကုန်စိမ်းသည်များမှ တစ်နိုင်ဝယ်ယူသူများအတွက် (၁၀၀၀-၅၀၀) ကျပ် အထုပ်ကလေးများ ထုပ်၍ရောင်းချပေးသော ကြောင့် ဝယ်ယူသူများ အဆင်ပြေသလို လက်လီ ကုန်စိမ်းသည်များအတွက်လည်း တွက်ချေကိုက်လျက်ရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါ သည်။
DOCA(မန္တလေး)