Main menu

“မြုပ်ခရမ်းသီးများဖြိုင်ဖြိုင်ထွက်ပေါ်”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ခရမ်းသီး မျိုးအနေဖြင့် 555 ခရမ်းသီးမျိုးနှင့် အလုံးသေးမြုပ်ခရမ်းကို  စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုး သောကျေးရွာများမှာ ငါးမြွေကုန်း၊မင်းစုနှင့်ကျောင်းကုန်းကျေးရွာများဖြစ်ပါသည်။ခရမ်းသီးစိုက်ပျိုး ရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း ၂လခွဲ ၃လကျော် အချိန်တွင် စတင်ခူးဆွတ်နိုင်ပြီး (၅)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ  တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း  ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် အလုံးသေးမြုပ်ခရမ်းမှာ ပိဿာ(၂၅၀-၃၀၀)ခန့်ထွက်ရှိကြောင်း ၊ သက်တမ်းအနေဖြင့်(၄-၅)လခန့် အထိခူးဆွတ်နိုင်ကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် ပိဿာ(၄၈၀၀-၅၀၀၀)အထိ ထွက်ရှိကြောင်း၊ယခုလက်ရှိမြုပ်ခရမ်းစျေးနှုန်းအနေဖြင့် ဖောက်သည်စျေးမှာ(၁)ပိဿာလျှင်(၄၀၀/-)ကျပ်၊လက်လီစျေးအနေဖြင့်(၈၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်း ပွဲစားများမှစိုက်ခင်းများအထိလာရောက်ဝယ်ယူကြကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့် အတွက် တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းနှင့်စျေးနှုန်းများ မတူညီကြောင်း၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ်ဝန်းကျင်မြတ်ကြောင်း ၊ ကျေးရွာစိုက်ခင်းများမှ ဝယ်ယူလာသော မြုပ်ခရမ်းသီး များကို ကျောက်ဆည်၊စဉ့်ကိုင်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ စျေးနှုန်းများ ကောင်းမွန်လာပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း မြုပ်ခရမ်းသီး စိုက်ပျိုးသူတောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)