Main menu

“ဖီးကြမ်းစိုက်ပျိုးခြင်းဖြင့်တောင်သူများအကျိုးအမြတ်ဖြစ်ထွန်း”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံများအပြင်  ငှက်ပျောသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိရာ ငှက်ပျောမျိုးစုံရှိသည့်အနက် ဖီးကြမ်းငှက်ပျောကိုအဓိက ထားစိုက်ပျိုးလျှက်ရှိပါသည်။ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင် ငှက်ပျောအပင်ရေ(၈၀၀)ခန့် ဝင်းပြီး ငှက်ပျောစို့ တစ်ပင်လျှင်(၃၀၀/-)ကျပ်ခန့် ပေးဝယ်ရကြောင်း ၊ ငှက်ပျော(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀)ကျပ်ခန့်ကုန်ကျ ကြောင်း၊ယခင်နှစ် ငှက်ပျောစျေးနှုန်းများအနေဖြင့် အခိုင်(၄၀)ပါလှည်းတစ်စီးလျှင်(၄၀၀၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် စုစုပေါင်း လှည်း(၂၀)စည်း၊အခိုင်(၈၀၀)ခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်နှုတ်ပြီး သိန်း(၆၀)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိပေါက်စျေး အနေ ဖြင့်အခိုင်(၄၀)ပါလှည်းတစ်စည်းကို(၄၆၀၀၀၀/-)ကျပ်အထိ စျေးနှုန်းများရရှိလျှက်ရှိကြောင်း၊ စျေးကွက်အနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက်လာရောက်ဝယ်ယူကြကြောင်း ၊ ပွဲစားများမှ တဆင့် ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရား နှင့် မန္တလေး၊ရန်ကုန်မြို့များရှိ ငှက်ပျောပွဲရုံများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ငှက်ပျောသီး စျေးနှုန်းအနေဖြင့် လက်ရင်းတစ်ဖီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်၊လက်ဖျားတစ်ဖီးလျှင်(၁၀၀၀-၁၅၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ငှက်ပျောအရည်အသွေးကောင်းမွန်ပြီး အခိုင်လှပါက စိုက်ပျိုး စရိတ်နှုတ်ပြီး(၁)ဧကလျှင် (၇၂)သိန်းကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း ၊ ဖီးကြမ်းငှက်ပျောစိုက်ပျိုး ခြင်းဖြင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များသော ဖီးကြမ်းငှက်ပျောကို စိုက်ပျိုးသင့်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)