
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးအတွင်း ရာသီစာအင်ဥနုနု လေးများစျေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်ပါသည် ။ အင်ဥတွင် အပြင်အခွံမည်းနေပြီး အတွင်းပိုင်းဖြူအင်ဥနှင့် အတွင်းပိုင်းမည်းနေသော အင်ဥဟူ၍(၂)မျိုးရှိပါသည်။ အင်ဥကို ရှမ်းပြည်နယ် နှင့်နေပြည်တော် တပ်ကုန်းဒေသများမှ ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျား အင်ဥစျေးနှုန်းအနေဖြင့် လက်ကား (၁)ပိဿာလျှင်(၂၀၀၀၀/-)ကျပ် နှင့် လက်လီ(၁)ပိဿာလျှင် (၂၈၀၀၀/-)ကျပ် ၊ လက်လီ (၁၀) ကျပ်သားလျှင်(၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ယခုအချိန်တွင် အနည်းငယ် သာဝင်ရောက်လျှက်ရှိကြောင်း ၊ အင်ဥကို ဝက်သား (သို့မဟုတ်) ပုဇွန်ခြောက်များနှင့်လည်းရော၍ ချက်စားကြသလို ကြော်ချက်၍လည်း စားသုံးကြကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)