
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးအတွင်း ဝင်ရောက်လျှက် ရှိသောပန်းဂေါ်ဖီပွင့်များကို ယခင်က ရှမ်းပြည်နယ်၊ အောင်ပန်း၊ ကလော၊ရွာငံနှင့်ရေဦးမြို့များတွင် အများဆုံးစိုက်ပျိုးပြီး ခေါက်တိုကားများဖြင့် စျေးကွက်အတွင်းရောင်းချလျှက်ရှိပြီး ယခုအခါတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အနောက်ငယ်တိုး၊ သင်ပျို၊ ရန်ပုံနှစ် နှင့် ကြက်ဆင်ကျေးရွာများတွင် လည်းပန်းဂေါ်ဖီပွင့်ကို စိုက်ပျိုးလာကြပါသည်။ ပန်းဂေါ်ဖီတစ်ဧကလျှင် မျိုးစေ့ (၅) ထုပ်စိုက်ပျိုးရ ကြောင်း၊ မျိုးစေ့(၁)ထုပ်လျှင် (၃၂၀၀၀/-) ကျပ်ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ် စုစုပေါင်း (၁၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အပွင့်ပေါင်း (၇၀၀၀-၆၀၀၀) ထွက်ရှိကြောင်း၊ ယခင်လ ပန်းဂေါ်ဖီစျေးနှုန်းအနေဖြင့် (၁)ပွင့်လျှင် (၁၅၀၀-၂၀၀၀) ကျပ်ရှိပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် လက်ကားအရော(၁)ပွင့်လျှင် (၅၀၀/-) ကျပ်၊ လက်လီဈေးအနေဖြင့် အကြီး(၁၀၀၀/-)၊ အလတ် (၅၀၀/-) ကျပ် စျေးများဖြင့်ရောင်းချကြပြီး ယခုလတွင် စျေးနှုန်းကျဆင်းရခြင်းမှာ ပန်းဂေါ်ဖီပွင့်များ ဖြိုင်ဖြိုင်ဝင်ရောက်လျှက်ရှိသောကြောင့် ဖြစ်ပါသည်။ ပန်းဂေါ်ဖီ စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၅၀၀၀၀၀/-) ကျပ်ခန့် မြတ်ကြောင်း၊ ပန်းဂေါ်ဖီပွင့်များကို ကြော်ချက်၍စားသုံးသလို အစိမ်းလိုက်အတို့အမြုပ် စားသုံးလျှက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)