Main menu

“ဂေါ်ဖီထုတ်စျေးကွက်”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ပေါ်ရှိ အေးမြကြည်လင်စျေးသို့ အောင်ပန်း၊ ကလော၊ ရွာငံနှင့်ရေဦးမြို့များမှ ထွက်ရှိသော ဂေါ်ဖီထုတ်များ ခေါက်တိုကားများဖြင့် စျေးကွက်အတွင်း ရောင်းချလျှက်ရှိကြောင်း၊ ဂေါ်ဖီထုတ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းဒေသတွင် အများဆုံး စိုက်ပျိုးကြပြီး ဖောက်သည်စျေးနှုန်းအနေဖြင့် ယခင်လများတွင် ဂေါ်ဖီထုတ်အကြီး(၁)ထုတ်လျှင် (၁၅၀၀/-)ကျပ်၊ အလတ်(၁)ထုတ်လျှင် (၁၀၀၀/-)ကျပ်စျေးအထိ‌ ရောင်းချရပြီး ယခုအချိန်တွင် စျေးနှုန်း များကျဆင်းလာသောကြောင့် ဖောက်သည်စျေးအနေဖြင့် ဂေါ်ဖီထုတ်အကြီး(၁)ထုတ်လျှင် (၈၀၀/-) ကျပ်၊အလတ်(၁)ထုတ်လျှင်(၃၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ လက်လီစျေးနှုန်းအနေဖြင့် ဂေါ်ဖီထုတ်အကြီး(၁)ထုတ်လျှင် (၁၀၀၀/-)ကျပ် ၊ အလတ်(၁)ထုတ်လျှင် (၅၀၀/-)  ကျပ်စျေးနှုန်းများဖြင့် ရောင်းချရပြီး စျေးနှုန်းကျဆင်းရခြင်းမှာ ဂေါ်ဖီထုတ်များ ဖြိုင်ဖြိုင် ထွက်ပေါ်လျှက်ရှိသောကြောင့်ဖြစ်ပါသည်။ ဂေါ်ဖီထုတ်ကို အစိမ်းလိုက်အတို့အမြုပ်စားသုံးခြင်း ၊ အသုပ်သုပ် စားခြင်၊ ကြော်ချက်၍ စားသုံးခြင်းနှင့် ဟင်းရည်အဖြစ် ချက်ပြုတ်စားသုံးခြင်း စသည့် နည်းလမ်းများဖြင့် စားသုံးလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)