
ပဲတီပင်ပေါက်သည် အဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အစား အစာဖြစ်ပါသည်။ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးတွင် ရောင်းချသော ပဲတီပင်ပေါက် လက်ကား(၁)ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၅၀၀/-)ကျပ်၊ ပဲတီချဉ်(၁) ပိဿာ လျှင်လက်ကား(၂၀၀၀/-)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချ လျက်ရှိပါသည်။ ပဲတီစိမ်း(၁)ပြည်ဖောက်လျှင် ပဲပင်ပေါက်(၄)ပိဿာရကြောင်း ၊ ပဲတီစိမ်း (၁)ပြည် လျှင် (၉၀၀၀/-)ကျပ်ဖြင့်ဝယ်ယူ၍ဖောက်ရကြောင်း၊ တစ်ရက်လျှင် ပဲတီစိမ်း (၄)ပြည်ဖောက် (၁၆) ပိဿာ ရောင်းရကြောင်း၊ အလှူ၊ မင်္ဂလာဆောင်၊ စတုသီတာတို့ တွင် ပဲတီပင်ပေါက်များကို အချဉ်တည်၍ ပဲဟင်းချို၊ ပဲတီချဉ်သုပ်ဖြင့် လည်းကောင်း၊ ငါးခြောက်ကြော်တို့ဖြင့် တွဲဖက်စားသုံးရန်အတွက်သော် လည်းကောင်း ပဲတီချဉ်များကို အော်ဒါများမှာယူလျက်ရှိကြောင်း၊ ပဲတီပင်ပေါက် အကျိုးအမြတ် အနေဖြင့် ပဲတီစိမ်းဖိုးနုတ်ပြီး (၉၀၀၀၀/-) ကျပ်ခန့် မြတ်ကြောင်း၊ ပဲတီပင်ပေါက်ကို အချဉ်စိမ်၍ ကျွေးခြင်း၊ ဟင်းချိုချက်ခြင်း၊ သုပ်စားခြင်း၊ ကြော်ချက် စားခြင်းစသည့် ဟင်းလျာများတွင် ထည့်သွင်းစားသုံးနိုင်ပါသည်။ ပဲပင်ဖောက်ရာတွင် မတ်ပဲ (သို့မဟုတ်) ပဲတီစိမ်းကိုအသုံးပြုရကြောင်း၊ ပဲတီပင်ပေါက်ရောင်းသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)