
ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျှက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှို နှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူ များကြိုက်နှစ်သက်ကြောင်း ၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့်နွားချေးများ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သောရေကိုလောင်းပေးရကြောင်း၊မှိုမျိုးအနေဖြင့် မျိုးထုပ် (၃-၄)ထုပ်စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး(၁၃-၁၅)ရက်အကြာတွင် မှိုများစတင်ခူးဆွတ်ရောင်းချနိုင် ကြောင်း၊မှိုစိုက်ပျိုးရာတွင် ရေခဏခဏလောင်းပေးရကြောင်း ၊ မှိုသက်တမ်း(၁)လအတွင်း(၁၀-၁၅) ပိဿာခန့်အထိထွက်ရှိကြောင်း၊တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့်(၄၅၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀) ပိဿာအထိထွက်ရှိပြီး မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး(၂-၃)ကြိမ်အထိ ခူးဆွတ်ရောင်းချနိုင် ကြောင်း၊ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် လက်လီ(၁၅၀၀၀/-)ကျပ်ဖြင့်ရောင်း ဝယ်လျှက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် (၉၀၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေး ကြောင်း၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး(၂)ကြိမ်ခူးဆွတ်ရောင်းချပါက စိုက်ပျိုးစရိတ်နှုတ်ပြီး (၈၀၀၀၀၀/-)ကျပ်ခန့်အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ပျိုးမှိုကိုချက်ပြုတ်စားသုံးရာတွင် မှိုကန်စွန်းချက်၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးကြောင်း ၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ် သက်သာပြီးစီးပွားလည်းဖြစ်မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကိုစိုက်ပျိုးရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)