
ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ၊ ဇွန် လ (၄)ရက်နေ့တွင် ကျောက်ဆည်မြို့၊စဉ်ကိုင်မြို့၊မြစ်သားမြို့နှင့် ပြင်ဦးလွင်မြို့များရှိ Shopping Mallများ ၊ စတိုးဆိုင်များနှင့်ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း၌ Sprite အမှတ်တံဆိပ်နှင့် ပုံစံတူ အစိမ်းရောင်ပလပ်စတစ်ဘူးများဖြင့် ထုပ်ပိုးထားသည့် Sprite အချိုရည်ဘူးများရောင်းချ ခြင်းရှိ /မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်ထဲ၌ အစား အသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော Sprite အကြည်ရောင် ပလပ်စတစ်ဘူးများကိုသာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင် အနေဖြင့် ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်ဖော်ပြခြင်း နှင့်စပ်လျဉ်းပြီးလိုက်နာရမည့်အချက်များနှင့်စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော (၂/၂၀၁၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်နှင့်သက်ဆိုင်ရာဦးစီးဌာနများမှစည်းကမ်းသတ်မှတ်ချက်များနှင့်ထုတ်လုပ်ရောင်းချသွားရန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)