
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/ မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည် ။ ၂၀၂၅ ခုနှစ် ၊ ဇွန်လ(၆)ရက် ၊ မွန်းလွှဲ (၁၁:၃၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ တုံတုံရေခဲချောင်းရောင်းချသည့်လုပ်ငန်းရှင်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ် အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြ ထားရန်လိုကြောင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း ၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက် ရှိကြောင်း ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပြစ်မှု ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(မန္တလေး)