Main menu

တရုတ်နိုင်ငံသို့ ဆန်နှင့် ပီလောပီနံမှုန့်တင်ပို့မှုမြှင့်တင်ရန် ထိုင်းအစိုးရကြိုးပမ်း

Powered by Drupal

           ထိုင်းအစိုးရသည် ပီလောပီနံမှုန့်နှင့် ဆန်ကို အဓိကဦးစားပေးအနေဖြင့် စိုက်ပျိုးရေး ထုတ်ကုန် များတရုတ်သို့တင်ပို့မှုတိုးချဲ့ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း စီးပွားကူးသန်း ဝန်ကြီး Pichai Naripthaphan က ဇွန်လ ၇ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဆန်၊ ပီလောပီနံမှုန့်၊ ဒူးရင်းအစရှိသည့် ထိုင်းကုန်ပစ္စည်းများအတွက် တရုတ်ဝယ်လိုအား မြင့်တက်လာမှု နှင့် အပြန်အလှန်ကုန်သွယ်ရေး ကြီးထွားမှုအရှိန်အားကောင်းမှုအပေါ် အခြေခံ၍ ထိုင်းစီးပွား ကူးသန်းဝန်ကြီးဌာနသည် တရုတ်ဈေးကွက်သို့ဆက်လက်ဝင်ရောက်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Han Zhiqiang ၏နှုတ်ဆက်ပွဲအခမ်းအနားတွင် Mr Pichai ကနှစ်နိုင်ငံကုန်သွယ်ရေးချိတ်ဆက်မှု ဆက်လက် အားကောင်းရန် အစိုးရ၏ကတိကဝတ်ပြုမှုကို ထပ်မံအတည်ပြုခဲ့ပြီး သံအမတ်ကြီး၏ သက်တမ်းကာလအတွင်း ထိုင်းစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်ဝင်ရောက်ရေးတွင် လွယ်ကူချောမွေ့စေရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှုပေါ်  အသိအမှတ်ပြုစကား ပြောကြား ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပီလောပီနံမှုန့်တင်ပို့မှုသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုး ပြီးနောက် ခန့်မှန်းချက်များထက် ‌ကျော်လွန်လာခဲ့ကြောင်း သိရပါသည်။ Mr Pichai ကပီလောပီနံ မှုန့်သည် တရုတ်တွင် လူကြိုက်များမှုမြင့်တက်လာလျှက်ရှိကြောင်းနှင့် ကုန်သွယ်မှုမြှင့်တင်ခြင်းမှ တစ်ဆင့် ထိုအဟုန်ကို အပြည့်အဝအသုံးချနိုင်ရန်အတွက်အစိုးရ၏အစီအစဉ်များနှင့်ပတ်သတ်၍ အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ဆန်တင်ပို့မှုမှာလည်းအထင်ကြီးဖွယ်ကြီးထွား လျှက်ရှိပြီး ယခုနှစ်၏ပထမ ၅ လတာကာလတွင် ထိုင်းနိုင်ငံသည် ဘတ် ၃.၅၇ ဘီလီယံတန်ဖိုး ရှိသော ဆန်တန်ချိန် ၂၀၂၈၈၉ တန်ကို တရုတ်သို့တင်ပို့ခဲ့ကြောင်း သိရပါသည်။ သံအမတ် Han ကလည်း ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ထိုင်းနိုင်ငံမှ မွေးမြူရေးကျွဲနွားများ တရုတ်ဈေးကွက်ရရှိရန် ကြိုးပမ်းမှုများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ထိုင်းနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။

Bangkok Post

DOCA(ရန်ကုန်)