Main menu

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် ယနေ့ ၁၁.၆.၂၀၂၄ နေ့ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၂အိတ်) ၊ ဆီ တစ်ပိဿာလျှင် (၆၈၀၀) ကျပ်နှုန်းဖြင့်ဆီ (ပိဿာ ၄၅)  ၊ ကြက်ဥ တစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၂၀၀) လုံး၊ ဝက်သား တပိဿာလျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ အမဲသား တစ်ပိဿာလျှင်  (၁၂၀၀၀) ကျပ်နှုန်းဖြင့် (၁၅) ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ် နှုန်းဖြင့် (၃၀) ပိဿာ၊  သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ‌  ရုံးပတီသီး၊ ဗူးညွန့်၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ငှက်ပျောသီး၊ ကန်စွန်းရွက် စသော အသီးအနှံများနှင့် ကြက်သွန်နီ၊ အာလူး၊ပန်းမံများကို ပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် လိုအပ်သလောက် နေ့စဉ် ဝယ်ယူရရှိနိုင်ပြီး၊ သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ ရောင်းချပေးသော အရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)