
လယ်ယာထွက်ကုန်သီးနှံများကို ဈေးကွက်လိုအပ်ချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးနှုန်းများအပေါ်အခြေခံ၍ အရောင်းအဝယ်ဈေးနှုန်းသတ်မှတ်ပြီး ရောင်းဝယ်ဖောက်ကား လျက်ရှိရာ မြင်းခြံကုန်စည်ဒိုင်တွင် ယခုဇွန်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော လယ်ယာထွက် သီးနှံဈေးနှုန်းများအနေဖြင့် ပဲစဉ်းငုံတစ်ပိဿာလျှင်(၄၂၁၀)ကျပ်၊ကုလားပဲ(929 )တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီးတစ်ပိဿာလျှင်(၄၅၇၀)ကျပ်၊ ပဲပုတ်(ဗမာ)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ မတ်ပဲတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ မြေပဲဆီဆံတစ်ပိဿာလျှင်(၉၂၅၀)ကျပ်၊ CPပြောင်းတစ်ပိဿာလျှင်(၁၆၁၀)ကျပ်၊ ကြက်သွန်နီ(ကြီး)တစ်ပိဿာလျှင်(၁၂၀၀-၁၃၀၀)ကျပ်၊ ကြက်သွန်နီ(လတ်)တစ်ပိဿာလျှင်(၉၀၀-၁၁၀၀)ကျပ်၊ ကြက်သွန်နီ(သေး)တစ်ပိဿာလျှင်(၅၀၀-၇၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)