
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆန်ကိုသက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက် နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်အကန့်အသတ်မရှိ ဝယ်ယူလိုသည့် ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ ၁၁.၆.၂၀၂၅ရက်နေ့တွင် ဆန်စက်နှင့် ဆန်ဆိုင် (၁၅) ဧည့်မထ ဆန်၂၅ % ဆန်များကို ဆိုင်တို့မှ ဆန်တစ်ပြည်လျှင် (၃၀၀၀/) ကျပ် နှုန်းဖြင့် ဆန်အိတ်(၂၇)အိတ် လူဦးရေ (၃၂၄)ဦးအား ရောင်းချပေးပြီး ဖြစ်ပါကြောင်းနှင့် လိုသလောက် သက်သာသော ဈေးနှုန်းဖြင့် ဆန်ကုန်သည်များမှ ရောင်းချပေးထားပါကြောင်း သာယာဝတီမြို့နယ်မှ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချမှုအကြောင်း တင်ပြလိုက်ပါသည်။
DOCA(ပဲခူး)