
အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ Salmonella (Salmonella သည် တုတ်ချောင်းပုံသဏ္ဍာန်ဘတ်တီးရီးယားကြောင့်ဖြစ်သော အစာအဆိပ်သင့်မှု ပုံစံတစ်မျိုးဖြစ်သည်။) ကြောင့် လူ ၂၁ ဦးဆေးရုံတင်ထားရပြီးနောက် ကြက်ဥပေါင်းသန်း ၂၀ ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ August Egg Company မှ ဖေဖော်ဝါရီ ၃ ရက်နှင့် မေလ ၁၉ ရက်အကြားဖြန့်ဝေထားသော ကြက်ဥများကို Walmart Inc. နှင့် Safeway Store Inc. အပါ အဝင်လက်လီရောင်းချသူများထံ ရောင်းချခဲ့သည်။ ကုမ္ပဏီသည် ဇွန်လ ၆ ရက်နေ့တွင် ကြက်ဥ များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာန (CDC) က ရောဂါဖြစ်ပွားမှုနှင့်ပက်သတ်၍ စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်နေကြောင်းပြောကြားခဲ့ သည်။ ယေဘုယျအားဖြင့် ပြည်နယ်ခုနှစ်ခုရှိ လူ ၇၉ ဦးသည် ကြက်ဥများနှင့် ဆက်နွယ်နေသည့် Salmonella ကြောင့် နာမကျန်းဖြစ်ခဲ့ကြောင်း CDC ၏ ထုတ်ပြန်ချက်ဖော်ပြထားသည်။ ဇွန်လ ၉ ရက်နေ့ Bloomberg သတင်းဌာန၏ ထုတ်ပြန်ချက်အရ California တွင် လူ ၆၃ ဦး Nevada နှင့် Washigton တွင် ၄ ဦး၊ Nebraska နှင့် Kentucky တွင် ၃ ဦး Salmonella ကြောင့် နားမကျန်း ဖြစ်ခဲ့ကြောင်းသိရသည်။
Source: Xinhua
DOCA (ရန်ကုန်)