
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမငါးလတွင် ပုံသေရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်န၀ါရီမှ မေလအတွင်း ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ပေါင်း ၂၉၀ ကို အတည်ပြုခဲ့ပြီး ယမန်နှစ် အလားတူကာလက စီမံကိန်း ၁၅၃ ခုမှ ၈၉ ရာခိုင်နှုန်း တိုးတက်လာကာ အကြမ်းဖျင်း အလုပ် အကိုင်ပေါင်း ၂၀၃၀၀၀ ခန့် ဖန်တီးပေးခဲ့သည်ဟု CDC က ဆိုသည်။ တရုတ်နိုင်ငံသည် ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ၆၂.၂၇ ရာခိုင်နှုန်းဖြင့် နိုင်ငံတော်တွင် ထိပ်တန်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အဖြစ် ဆက်လက်ရပ်တည်နေကြောင်း CDC က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်နှင့် တရုတ်၊ တောင်ကိုရီးယား၊ ယူအေအီးတို့နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ရန် အဓိကအချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရင်းနှီးမြုပ်နှံမှုအသစ်များသည် ကမ္ဘောဒီးယားပြည်သူများ အတွက် အရင်းအနှီး၊ နည်းပညာများနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးမည်ဟု Sovicheat ပြောကြားခဲ့သည်။
Source: Xinhua
DOCA (ရန်ကုန်)