Main menu

ကမ္ဘောဒီးယား၏အမှတ်တံဆိပ်သစ်ကားစျေးကွက်သည် ၂၀၂၅ ခုနှစ် ပထမသုံးလအတွင်း သိသာထင်ရှားစွာတိုးတက်လာ

Powered by Drupal

           ကမ္ဘောဒီးယား၏ မော်တော်ယာဥ်အမှတ်တံဆိပ်အသစ်ဈေးကွက်သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် သိသာထင်ရှားစွာ တိုးတက်မှုရှိကြောင်း မော်တော်ကားဖြန့်ဖြူးရေး ကုမ္ပဏီ RMA ၏ ဇွန်လ ၆ ရက် နေ့ က Cambodia Securities Exchange (CSX) သို့ တင်သွင်း သည့် အစီရင် ခံစာအရသိရသည်။ "မော်တော်ယာဥ်ကဏ္ဍတွင်၊ ပြည်တွင်းအချက်အလက်များ အရ စျေးကွက် တစ်ခုလုံးသည် ၂၀၂၄ ခုနှစ် အလားတူသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် ပထမ သုံးလပတ် အတွင်း ၄၈ ရာခိုင်နှုန်း မြင့်တက်လာသည်" ဟု RMA (Cambodia) Plc. ၏ ဥက္ကဌ Kevin Whitcraft က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဝယ်ယူ ခဲ့သည့် ကားအစီးရေ ၁၉,၀၀၀ ရှိပြီ ယမန်နှစ် အလားတူကာလက အစီးရေ ၁၂,၈၃၀ ဝယ်ယူခဲ့ ကြောင်းသိရသည်။ Ford၊ Land Rover၊ Changan၊ Peugeot၊ Mercedes-Benz၊ Toyota၊ GAC၊ BYD၊ Hongqi နှင့် Tesla အပါအဝင် ကမ္ဘာ့အဆင့်မီကား အမှတ်တံဆိပ် အများအပြားကို ကမ္ဘောဒီးယားနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် မကြာသေးမီနှစ် များအတွင်း လျှပ်စစ်ကားများ(EVs) သိသိသာသာ ဝယ်ယူမှု မြင့်တက်လာသည်ကို တွေ့မြင်ခဲ့ရသည်။ ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံတော်သည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း EV အစီးရေ ၂၂၅၃ စီး မှတ်ပုံ တင်ခဲ့ပြီး ယခင်နှစ်က ၃၁၃ စီးသာရှိခဲ့ ရာမှ ၆၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း လူကြိုက်အများဆုံး EV အမှတ် တံဆိပ်သုံးခုမှာ BYD၊ Toyota နှင့် Tesla တို့ဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။

Source : Xinhua 

DOCA(ရန်ကုန်)