
၂၀၂၅ ခုနှစ် မေလတွင် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် စုစုပေါင်း မတည်ရင်းနှီးမြှုပ်နှံမှု ခန့်မှန်း အမေရိကန်ဒေါ်လာ ၈၁၆ သန်း တန်ဖိုးရှိသော အလုပ်အကိုင် ခန့်မှန်း ၄၄၀၀၀ ဦးဖန်တီးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၅၉ ခုကို မှတ်ပုံတင်ခဲ့ကြောင်း ဇွန်လ ၁၀ ရက်နေ့က CDC ထံမှသတင်းစာ ရှင်းလင်းပွဲ အရသိရပါသည်။ ထိုစီမံကိန်း ၅၉ ခုအနက် ၃၈ သည် အထူးစီးပွားရေးဇုန်များပြင်ပတွင်တည်ရှိပြီး ၂၁ ခုသည် ဇုန်များအတွင်းတည်ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုမှတ်ပုံတင်သည့်အရေအတွက် သည် ၁၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ၂၃၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလထိ ၅ လတာ ကာလအတွင်း စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရေအတွက် ၂၉၀ ခုရရှိထားပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တန်ဖိုးတွင် ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အရေအတွက်တွင် ၉၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Khmer Times
DOCA (ရန်ကုန်)