Main menu

ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနကပံ့ပိုးမှုအရှိန်မြှင့်တင်ရန်အတွက် အဖွဲ့အစည်းစီမံကိန်းအားကောင်းရန်တိုက်တွန်း

Powered by Drupal

            ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF)မှ အဆင့်မြင့်အရာရှိများသည် ဝန်ကြီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များက ပိုမိုထိရောက်စွာ ပံ့ပိုးမှုပေးနိုင်ရန်အတွက် စီမံခန့်ခွဲနိုင်စွမ်းအားကောင်းရန်နှင့် ဒေသတွင်းလိုအပ်ချက်များနှင့် ချိန်ညှိ၍ရှင်းလင်းသောအစီအစဉ်များတည်‌ထောင်ရန် အဖွဲ့အစည်းများအား တိုက်တွန်းခဲ့ ကြောင်း သိရပါသည်။ MAFF ၏ အတွင်းရေးမှူးဖြစ်သူ Kong Chanveasna က ထိုအကြောင်းကို Preah Sihanouk ပြည်နယ် ရှိ Chong O ငါးဖမ်းအဖွဲ့နှင့်အစည်းအဝေးအတွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ထို အစည်းအဝေးသည် အဖွဲ့ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့် အဖွဲ့ဝင် မွေးမြူရေးသမားများ၏ လူနေမှုဘဝတိုးတက်ရန်ရည်ရွယ်ကြောင်း သိရပါသည်။ အစည်းအဝေး တွင် Mr Kong က LASED 3 စီမံကိန်းညှိနှိုင်းဆွေးနွေးသူအား စီမံကိန်းနှင့်တစ်ပြေးညီ ရည်ရွယ်ထားသည့်ပံ့ပိုးပေးမှုကို အဖွဲ့ အားပံ့ပိုးပေးရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ Chong O ငါးဖမ်းအဖွဲ့၏ခေါင်းဆောင်ကလည်းအဖွဲ့သည်များစွာသောဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ ထံမှ ပံ့ပိုးမှုရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် LASED 3 စီမံကိန်းတာဝန်ရှိသူထံမှ အထောက်အပံ့ ထပ်မံတောင်းဆိုခဲ့ကြောင်း သိရပါသည်။ အဖွဲ့ဝင် ၂၅၀ နှင့်ဖွဲ့စည်းထားသည့် Chong O ငါးဖမ်းအဖွဲ့သည် ငါးဖမ်းခြင်း၊ ကြက်မွေးမြူခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ စပါးစိုက်ပျိုးခြင်းနှင့် လမုတောများစိုက်ပျိုးခြင်းနှင့် ကာကွယ်ခြင်းတို့ပါဝင်သည့် ကျယ်ပြန့်သောဆောင်ရွက်မှုများကို ပူးပေါင်းလုပ်ဆောင်နေကြကြောင်း သိရှိရပါသည်။

Khmer Times

DOCA (ရန်ကုန်)