
ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ဇွန်လအတွင်း ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် ၃၃၀၀၀ကျပ်၊ ဘိလပ်မြေ နဂါး ၁အိတ် ၃၀၀၀၀ကျပ်၊ စက်အုတ် ၉ပေါက် ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၂၀၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၀၅၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၂၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၁၉၈၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)