Main menu

မကွေးမြို့၊ ပုထိုးစမ်းကျေးရွာ၌ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျီးပင်ကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး မြေပဲ၊ နှမ်းနှင့် ပဲစဉ်းငုံသီးနှံတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး မိုးမြေပဲကို ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)မှစတင်၍ တောင်သူ(၆၀)ဦးမှ စိုက်ဧက(၁၅၀၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

     စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုး(၂)မျိုးရှိသည့်အနက် ပင်ပြန့်မျိုးကို ကျဲပက်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ အပင်သက်တမ်းအားဖြင့် ရက်ပေါင်း(၉၀)အကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးကို မကွေးမြို့ရှိပွဲရုံများမှ (၁)တင်းလျှင် ကျပ်(၁၅၀၀၀၀)ဖြင့်ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်းခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ် (၄၅၀၀၀၀)ခန့်ကုန်ကျသော်လည်း ယခုနှစ်တွင်မူ သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၆၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် မြေပဲတောင့်တင်းရေ (၈၀) တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၁၃၀၀၀) ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၅၉၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊

   ယခင်နှစ်က မြေပဲစိုက်တောင်သူများမှာ အကျိုးအမြတ်များရရှိ၍ တွက်ခြေကိုက်သည့်အတွက် ယခုနှစ်တွင်မူ မိုးမြေပဲစိုက်ခင်းများပိုမိုစိုက်ပျိုးလာကြောင်း၊ ယခုအချိန်တွင် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)