Main menu

ကန့်ဘလူမြို့နယ်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောင်သူများအနေဖြင့် ဆန်စပါး အပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးအရှည်မျိုး စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးဆွတ် ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ပျိုးသက် (၁)လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ရေသွင်းရေထုတ် လွယ်ကူစေရန် အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၄-၅)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် စေရန်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင် ရွက်ရကြောင်း၊ လိုအပ်တဲ့အချိန်တွင် အာမိုမြေဩဇာ၊ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများဖျန်း ပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင်  (၁၈၀၀မှ ၂၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့်  ဦးဝင်းအောင်က ပြောပြချက်အရ သိရှိရသည်။

Doca(စစ်ကိုင်း)