
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။ ယခုအခါ ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိရာ၊ ကန့်ဘလူမြို့နယ်တွင် ရာသီပေါ်ခဝဲသီးများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရောင်းချနေသည့် ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ် ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
Doca(စစ်ကိုင်း)