
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို (၁၀-၆-၂၀၂၅) နံနက် (၀၈း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ထို့သို့ ရောင်းချပေးရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥများကို ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများလက်ဝယ်သို့ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ဆန်(၁၀)အိတ်၊၁ပြည် ၂၀၀၀ကျပ်၊ ကြက်ဥ ၃၀၀၀လုံး၊ ၁လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥ ၁၅၀၀လုံး ၁လုံးလျှင် ၄၀၀ကျပ်ဖြင့် ဆီ ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အပါတ်စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)