Main menu

သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ဖေဖော်ဝါရီလ အတွင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက် အတွင်း သို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက် များပြီး အစားများကြသော အသီးတစ်မျိုးဖြစ်ပါသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ပိန္နဲသီးပြုတ် လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(စစ်ကိုင်း)