
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီးကိုလည်း မန္တလေးမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်းလှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော နာနတ်သီး ဈေးနှုန်း အနေဖြင့် မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင် (၃၅၀၀/၄၀၀၀)ကျပ်၊ မဲဇာ နာနတ်သီး အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မန္တလေး နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)