
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ရာသီစာ ဟင်းသီးဟင်းရွက်များဖြစ်သော ချဉ်ပေါင်ရွက် ( ၂ ) စည်းပါ တစ်ထုပ်လျှင် ( ၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးရွက် ( ၃ )စည်းပါ တစ်ထုပ်လျှင် ( ၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဟင်းနုနွယ် ( ၁၀)ကျပ်သားပါ တစ်ထုပ်လျှင် ( ၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ပင်စိမ်း၊ မိတ်သလင်နှင့် နံနံပင် တစ်စည်းလျှင် ( ၁၀၀) ကျပ်ဖြင့် လည်းကောင်း၊ ပဲပင်ပေါက် ( ၂၅)ကျပ်သားပါ တစ်ထုပ်လျှင် ( ၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပူစီနံရွက် ( ၁၀)ကျပ်သားလျှင် ( ၆၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆူးပုတ်သေး ( ၁၀)ကျပ်သားလျှင် ( ၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ ဆူးပုတ်ကြီး ( ၁ ) စည်းလျှင် ( ၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)