Main menu

မုံရွာမြို့ နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန်  ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များကို ရောင်းချလျက်ရှိရာ   စားဖိုဆောင် သီးနှံများအနေဖြင့် ခရမ်းချဉ်သီး ( ၁ )ပိဿာလျှင် ( ၃၅၀၀)ကျပ်၊ ဒေသထွက် ကြက်သွန်နီ အလုံးကြီး (၁) ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး (၁) ပိဿာလျှင် (၁၃၀၀)ကျပ်၊ ၊ ကြက်သွန်ဖြူ ရှမ်းဥ အလုံးကြီး (၁)ပိဿာလျှင် (၁၅၀၀၀မှ ၁၈၀၀၀ကျပ်)၊ ဗမာဖြူ ( ၁ )ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀ကျပ်)၊ ခရမ်းသီး ( ၁ )ပိဿာလျှင် ( ၂၀၀၀)ကျပ်၊ ရုံးပတီသီး ( ၁ )ပိဿာလျှင် (၄၀၀၀ကျပ်မှ ၄၅၀၀)ကျပ်၊ ခါကြက်ဥ ( ၁ ) ပိဿာလျှင် ( ၆၀၀၀)ကျပ်၊ အာလူးသီးအလုံးကြီး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ အလုံးသေး (၁)ပိဿာ လျှင် (၄၅၀၀) ကျပ်၊ မုန်လာထုပ်အသေး(၁)ထုပ်လျှင် (၂၂၀၀) ကျပ်၊ အကြီး(၁) ထုပ်လျှင်(၂၆၀၀)ကျပ်၊ ပန်းမုံလာတစ်ပွင့်လျှင် (၂၃၀၀မှ ၂၅၀၀)ကျပ်၊ မိုးမျှော်ငရုတ် ( ၁၀) သားလျှင် (၅၀၀)ကျပ်၊ အောက်ဆွဲသီး ( ၁၀ ) ကျပ်သားလျှင် ( ၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးရောင်းဈေးဝယ်များဖြင့် စည်းကားလျက် ရှိကြောင်း သိရသည်။

Doca(စစ်ကိုင်း)