Main menu

မအူပင်မြို့နယ်မှ စိုက်ပျိုးသောစပါးများမှ ကြိတ်ခွဲထွက်ရှိသော ဆန်ကွဲနှင့် ဖွဲနုများ ရန်ကုန်သို့ တင်ပို့

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး  ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆုးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း  သိရသည်။

             ၂၀၂၅ခုနှစ် မေလတင်ပို့မှုမှာ မအူပင်ခရိုင်မှ မအူပင် ဆန်ကွဲ၊ ၃၃၁၆အိတ်၊ ပန်းတနော် ဆန်ကွဲ ၄၆၁၃အိတ်၊ ညောင်တုန်း ၆၁၉၁၀အိတ်၊ ဓနုဖြူ ဆန်ကွဲ ၈၉၁၅အိတ် ဆန်ကွဲတင်ပို့မှုစုစုပေါင်း ၇၈၇၅၄ အိတ်အရေအတွက်နှင့်  တန်အားဖြင့် ၃၉၃၈ တန်နှင့် အခြား မြို့နယ်များမှ ၇၃၄၉၉ အိတ် တန်အားဖြင့် ၃၆၇၅ တန်  တင်ပို့ခဲ့သည်။

             ၂၀၂၅ခုနှစ် ဧပြီတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုမှာ  မအူပင်ခရိုင်မှ ဆန်ကွဲအိတ် စုစုပေါင်း (၃၂၃၇၃ ) အိတ် ပိုမို တင်ပို့ခဲ့သည်။ အခြားမြို့နယ်တင်ပို့နိုင်မှု အနေဖြင့် ဆန်ကွဲ (၂၂၀၆၀) အိတ် ပိုမိုတင်ပို့လာနိုင်ကြောင်း ပန်တိုင်စစ်ဆေးရေး စာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)